သမိုင်းဖြစ်စဉ်
၁၈၂၆ခုနှစ် အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ ပြီးချိန်မှစ၍ ဗြိတိသျှတို့သည် ယင်းတို့၏ အင်္ဂလိပ်ရိုးရာဥပဒေစနစ်ကို ပြုပြင်၍ မြန်မာနိုင်ငံတွင် စတင်ကျင့်သုံးခဲ့ပြီး ပြစ်မှုဆိုင်ရာ မှုခင်းများနှင့်တရားမမှုများတွင် နိုင်ငံတော်ကိုယ်စား လိုက်ပါဆောင်ရွက်ရန် အစိုးရရှေ့နေချုပ် တစ်ဦး၊ အစိုးရတရားလွှတ်တော်ရှေ့နေများနှင့် အစိုးရရှေ့နေများကို ခန့်ထားခဲ့ပါသည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်အခါ ၁၉၄၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ၁၉၄၈ ခုနှစ် နိုင်ငံတော်ရှေ့နေချုပ်အက်ဥပဒေတို့အရ ရှေ့နေချုပ်ရုံး ကိုတည်ထောင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီအစိုးရက နိုင်ငံတော် တာဝန်များကိုဆက်ခံဆောင်ရွက်သည့်အခါတွင်လည်း ရှေ့နေချုပ်ရုံးသည် ဆက်လက် တည်ရှိ ခဲ့ပါသည်။ ထိုအချိန်အထိ ရှေ့နေချုပ်၏ လုပ်ငန်းတာဝန်များမှာ ပြစ်မှုဆိုင်ရာမှုခင်းများနှင့် တရားမမှုများတွင် နိုင်ငံတော်ကိုယ်စားလိုက်ပါဆောင်ရွက်ခြင်းနှင့် အစိုးရကို ဥပဒေအကြံ ပေးခြင်းတို့ဖြစ်ပါသည်။ ၁၉၇၂ ခုနှစ်တွင် အုပ်ချုပ်ရေးယန္တရားကိုဖျက်သိမ်း၍ ရှေ့နေချုပ်ရုံးကို အသစ်ပြန်လည် ဖွဲ့စည်းပြီး အမှုလိုက်ခြင်း၊ ဥပဒေအကြံပေးခြင်း၊ ဥပဒေကြမ်းရေးဆွဲခြင်းနှင့် ဥပဒေ ဘာသာပြန်ခြင်းများဆောင်ရွက်ရန်တာဝန်အပ်နှင်းခဲ့ပါသည်။ ယင်းနောက် ၁၉၇၄ ခုနှစ် တွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု ကျင့်သုံးခဲ့ပြီး ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၄ ခုနှစ် ပြည်သူ့ ဥပဒေအကျိုးဆောင်အဖွဲ့ဥပဒေအရ ဗဟိုဥပဒေရုံး၊ ပြည်နယ်နှင့် တိုင်းဥပဒေရုံးများ၊ မြို့နယ် ဥပဒေရုံးများကိုဖွဲ့စည်းခဲ့ပါသည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က နိုင်ငံတော် တာဝန်များရယူသည့်အခါ ၁၉၈၈ ခုနှစ် ရှေ့နေချုပ်ဥပဒေကို ပြဌာန်းပြီး ရှေ့နေချုပ်ရုံး၊...