t ပြည်ထောင်စုရှေ့နေချုပ်က စင်ကာပူနိုင်ငံသံအမတ်ကြီး H.E Mr. Robert Chua အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေလ ၄ ရက်

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် စင်ကာပူနိုင်ငံသံအမတ်ကြီး         H.E Mr. Robert Chua အား ယနေ့ နံနက် ၁၁:၃၀ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိသံတမန်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးစဉ် စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ စင်ကာပူနိုင်ငံဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စု​ရှေ့နေချုပ်ရုံးတို့အကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ(MOU) အရဆောင်ရွက်လျက်ရှိသော ဥပဒေ ရေးရာနှင့်  လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ စင်ကာပူနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူစာချုပ်နှင့် အခွန်နှစ်ထပ် မစည်းကြပ်ရေး ဆိုင်ရာသဘောတူစာချုပ်များကိစ္စ၊ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်ရေး အတွက် စင်ကာပူနိုင်ငံကလိုအပ်သည့် အခန်းကဏ္ဍမှ ပံ့ပိုးကူညီမည့်ကိစ္စ စသည်တို့ကို ရင်းနှီး ပွင်းလင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်း အတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦး တို့လည်းတက်ရောက်ခဲ့ ပါသည်။

(သတင်းစဉ်)