ဘားအံ၊ အောက်တိုဘာလ ၁၈ ရက်

၁၈.၁၀.၂၀၂၃ ရက်နေ့ နံနက် ၈:၀၀ အချိန် ဘားအံမြို့၊ အမှတ်(၁)မူလတန်းကြို ကျောင်း တွင် ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကြီးမှူး၍ ” အသက်(၃)နှစ်မှ(၅)နှစ်အရွယ် ပြုစုစောင့် ရှောက်သူများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်ပွဲ ” အခမ်းအနားသို့ လည်းကောင်း၊ နံနက် ၉:၀၀ အချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့လည်းကောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
