ဘားအံ၊ နိုဝင်ဘာလ ၂၇ ရက်

၂၇.၁၁.၂၀၂၃ ရက် နံနက် ၅:၀၀ အချိန် ဘားအံမြို့၊ သေဋ္ဌမာရ်အောင်ဘုရားကြီးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်သော ” မသိုးသင်္ကန်းရက်လုပ်ဆပ်ကပ် လှူဒါန်းပွဲ ” အခမ်းအနားသို့လည်းကောင်း၊ နံနက် ၉:၃၀ အချိန် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ” အကြိမ်(၂၀)မြောက် ” စုပေါင်းမဟာဘုံကထိန်ဉတ် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့လည်းကောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်အဆင့်၀န်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
