မြန်မာအမျိုးသားလေကြောင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး

နေပြည်တော်၊ ဇန်နဝါရီ ၁၈

မြန်မာအမျိုးသားလေကြောင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ အမြဲတမ်းအတွင်းဝန်ဦးမျိုးမင်းဦး၊ မြန်မာအမျိုးသားလေကြောင်းမှဒါရိုက်တာဒေါ်စုစုမြတ်၊ ဒါရိုက်တာ ဦးမြင့်အောင်နှင့် ဌာနမှူးဦးလှဌေးအောင်တို့ တက်ရောက်ကြသည်။


ညှိနှိုင်းအစည်းအဝေး


အစည်းအဝေးတွင် မြန်မာအမျိုးသားလေကြောင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်