ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တက်ရောက်လှူဒါန်း

ပဲခူး၊ ဒီဇင်ဘာလ ၂၇ ရက်

၂၇−၁၂−၂၀၂၃ ရက်နေ့ ၁၃:၀၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့ ရွှေသာလျောင်းစေတီ၌ ပြုလုပ်သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး မှ အရာထမ်း၊ အမှုထမ်းများက ပါဝင်တက်ရောက်လှူဒါန်းခဲ့ပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအဆင့်ဝန်ကြီးများ၊  တိုင်းဒေသကြီးဥပဒေချုပ်နှင့်တကွ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

 (သတင်းစဉ်)