မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲတက်ရောက်

မော်လမြိုင်၊ ဒီဇင်ဘာလ ၄ ရက်

၄-၁၂-၂၀၂၃ ရက်နေ့ ၀၉:၀၀ အချိန် မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ် သည့် ၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)