မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်

မော်လမြိုင်၊ ဒီဇင်ဘာလ ၅ ရက်

၅-၁၂-၂၀၂၃ ရက်နေ့ ၀၈:၀၀ အချိန် မော်လမြိုင်မြို့၊ ပညာရေးဒီဂရီကော်လိပ်၊ ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်သည့် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း၊ PPTT  အမှတ်စဉ် (၁၀/၂၀၂၃)နှင့် လေးနှစ်သင်ပညာရေး ဒီဂရီကောလိပ်ပထမနှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)