ကချင်၊ ဒီဇင်ဘာလ ၂၂ ရက်

၂၂.၁၂.၂၀၂၃ ရက်နေ့ နေ့လည် ၂:၀၀ အချိန် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်ဥပဒေချုပ်ရုံးမိသားစု ခရစ္စမတ် ဆုတောင်း ခြင်း အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အငြိမ်းစားဥပဒေအရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များမှ တက်ရောက်ပြီး တည်ခင်းဧည့်ခံသည့် အစားအသောက်များအား ရုံးမိသားစုများနှင့်အတူ စားသောက်ပြီး ခရစ္စမတ် ပျော်ပွဲရွှင်ပွဲတွင် အတူ ပါဝင်ဆင်နွဲခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
