နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၁

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခမ်းမ၌ ကျင်းပသည်။သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုသင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ အနေဖြင့် ဥပဒေပညာလေ့လာပြီး ဥပဒေဒီပလိုမာဘွဲ့ သို့မဟုတ် ဥပဒေရေးရာကျွမ်းကျင်ကြောင်း အသိအမှတ်ပြုလက်မှတ်တစ်ခုခုရရှိရေးအတွက် ဆောင်ရွက်သင့်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌမှ စီးပွားရေးရာကော်မတီအစည်းအဝေး (၃/၂၀၂၂) ၌ လမ်းညွှန်မှုအရ ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊

ယခုသင်တန်းတွင် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအနေဖြင့် သိသင့်သိထိုက်သည့် ဥပဒေ ရေးရာကိစ္စရပ်များဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေရေးဆွဲခြင်း၊ စီးပွားရေးစာချုပ်စာတမ်း များစိစစ်ခြင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အာဆီယံဥပဒေများလက်တွေ့အသုံးချမှု၊ ပြစ်မှုဆိုင် ရာနှင့် အထူးဥပဒေများလက်တွေ့အသုံးချမှု၊ တရားမဆိုင်ရာကိစ္စများ၊  အထွေထွေဥပဒေအကြံ ပေးရေးဆိုင်ရာကိစ္စများကို ဥပဒေရေးရာနယ်ပယ်တွင် အတွေ့အကြုံများစွာရှိသူများဖြစ်သည့် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေး အဖွဲ့မှဘာသာရပ်ဆိုင်ရာကျွမ်းကျင်သည့်ပုဂ္ဂိုလ်များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေ သကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှဥပဒေချုပ်များ၊ ဥပဒေရေးရာဝန်ကြီး ဌာနမှ အငြိမ်းစားယူပြီးသည့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်ကြီးများ၊ ဥပဒေရေးရာဝန် ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက သင်ကြားပို့ချမည်ဖြစ်ပါကြောင်း၊ သင်တန်းပြီးမြောက်အောင်တက်ရောက်သည့် သင်တန်းသားများကိုလည်း ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းဆင်းလက်မှတ် (Certificate of Legal Advocacy-CLA)များ ပေးအပ်ချီးမြှင့် မည်ဖြစ်ပါကြောင်း၊

သင်တန်းတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံ ကိန်းနှင့်ဘဏ္ဍာ‌ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထဲရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံ မှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအလုပ်သမားဝန်ကြီးဌာနစီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေး ရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊  ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ တပ်ဖွဲ့မှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ကျွမ်းကျင်သူအဖြစ်ဆောင်ရွက်နေသူများစသည့် သင်တန်းသားသင်တန်းသူ စုစုပေါင်း (၂၆) ဦး တက်ရောက်ကြကြောင်း၊

ယခုသင်တန်းကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဧပြီလ ၁၁ ရက်နေ့အထိ အပတ်စဉ် အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့နှင့် ကြာသာပတေးနေ့များတွင် နံနက် ၈း၀၀ နာရီမှ ၁၀း၃၀ နာရီထိ ရက်သတ္တ ပတ် (၁၁) ပတ်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်  ဤသင်တန်းမှ သင်ကြားပို့ချပေးသည့် ဥပဒေဘာသာရပ်များကို မိမိတို့၏လုပ်ငန်းခွင်တွင် လက်တွေ့ကျင့်သုံး ဆောင်ရွက်နိုင်စေရန်အတွက် လေ့လာမှတ်သားသင်ယူပြီး မိမိတို့၏ဝန်ကြီးဌာနအကျိုး၊ နိုင်ငံ တော်အကျိုးအတွက် ကောင်းစွာဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးနှင့်ဒုတိယ ရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဘိုဘိုကျော်၊  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်၊ သင်တန်းသားသင်တန်းသူများ၊ ဥပဒေရေးရာဝန်ကြီးဌာနမှဌာနအကြီးအကဲများနှင့် ညွှန်ကြားရေး မှူးများတက်ရောက်ကြပြီး အမှတ်တရစုပေါင်းဓါတ်ပုံလည်းရိုက်ကူးကြောင်းသိရသည်။

သတင်းစဉ်