ကချင်ပြည်နယ်ပညာရေးစုံညီပွဲတော်အခမ်းအနားတက်ရောက်

မြစ်ကြီးနား၊ ဇန်နဝါရီလ ၆ ရက်

၆.၁.၂၀၂၄ ရက်နေ့ နံနက်၉:၀၀ အချိန် မြစ်ကြီးနားမြို့၊ အထက(၁)ကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကချင်ပြည်နယ်ပညာရေးစုံညီပွဲတော်အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)