သင်္ကန်းကပ်လှူပွဲနှင့်ရေစက်ချအခမ်းအနားတက်ရောက်

မြစ်ကြီးနား၊ ဇန်နဝါရီလ ၂၇ ရက်

၂၇.၁.၂၀၂၄ ရက်နေ့ နံနက် ၉:၀၀အချိန် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရဟန္တာတစ်ထောင်ရှင်ပင် မြတ်စွာဆုတောင်းပြည့်ရွှေမိုးတောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူပွဲနှင့်ရေစက်ချအခမ်းအနား တွင် ရဟန်းသံဃာတော်အပါး(၂၇၀)ပါးအား ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးဦးဆောင်၍ ကချင်ပြည်နယ်ဥပဒေချုပ်ရုံးမိသားစုမှ လှူဖွယ်ဝတ္ထုငွေ၊ ဆွမ်းဆန်နှင့် ဆီတို့အား စုပေါင်းကာ လှူဒါန်းခဲ့ ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)