အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားတက်ရောက်

မြစ်ကြီးနား၊ ဇန်နဝါရီလ ၂၆ ရက်

၂၆-၁-၂၀၂၄ ရက်နေ့ ၁၀:၀၀အချိန် မြစ်ကြီးနားမြို့၊ ပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားတွင် ကချင် ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း အင်အား (၇၀၀)ဦးခန့်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ/နည်းဥပဒေများနှင့် စပ်လျဉ်း၍ အသိ ပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)