တတိယအကြိမ်မြောက် ဆေးပဋ္ဌာန်းပူဇော်ပွဲသို့တက်ရောက်

ပဲခူး၊ ဇန်နဝါရီလ ၂၅ ရက်

၂၅−၁−၂၀၂၄ ရက်နေ့ ၀၉:၀၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်သော တတိယအကြိမ်မြောက် ဆေးပဋ္ဌာန်းပူဇော်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ အရာထမ်း၊ အမှုထမ်းများက ပါဝင် တက်ရောက်လှူဒါန်းခဲ့ပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအဆင့်ဝန်ကြီးများ၊  တိုင်းဒေသကြီးဥပဒေချုပ်နှင့်တကွ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

 (သတင်းစဉ်)