တရားလွှတ်တော်‌ရှေ့နေများကောင်စီအစည်းအဝေး အမှတ်စဉ် ၁/၂၀၂၄ ကျင်းပပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
တရားလွှတ်တော်‌ရှေ့နေများကောင်စီ အစည်းအဝေးအမှတ်စဉ် ၁/၂၀၂၄ ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၊ Cluster– 1, တိုက် အမှတ်(၆)ရှိ တရားလွှတ်တော်‌ရှေ့နေများကောင်စီရုံး၌ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ကျင်းပပြုလုပ် ပါသည်။
  အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထား သည့် အထက်တန်းရှေ့နေ ၅၂၇ ဦးအား တရားလွှတ်တော်ရှေ့နေများကောင်စီက ကန့်ကွက်ရန် ရှိ/မရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့်ကိစ္စ၊ ရှေ့နေကျင့်ဝတ်ဖောက်ဖျက် သည့် တရားလွှတ်တော်ရှေ့နေ ၁၅ ဦးအပေါ် တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေပုဒ်မ ၁၀ (၁) အရ ထိုက်သင့်သည့် အရေးယူမှုပြုလုပ်ရန် သင့်၊ မသင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေအဖြစ် ပြန်လည်လိုက်ပါခွင့်ပြုရန် အသနားခံ တင်ပြလျှောက်ထားသည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင်တစ်ဦးအား IP အဖွဲ့ဝင် အဖြစ် တာဝန်ပေးအပ်ရန်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေများကောင်စီရုံး ဆောက်လုပ်ရန် ချထားမြေ နေရာကိစ္စနှင့် တရားလွှတ်တော်ရှေ့နေများကောင်စီ(မန္တလေး) ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး ကိစ္စတို့ကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စု ရှေ့နေချုပ်၊ တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦး ဦးဆောင်၍ တရား လွှတ်တော်ရှေ့နေများကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်၊ တရားလွှတ်တော်ရှေ့နေများကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တရားလွှတ်တော်ရှေ့နေများကောင်စီ အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေများ ဖြစ်ကြသည့် ဦးမြသိန်း၊ ဒေါ်ခင်နုသာ၊ ဦးလှဟန်၊ ဦးစိုးသိန်း၊ ဦးဝင်းဖေ၊ ဦးဝင်းအောင်နှင့် တရားလွှတ် တော်ရှေ့နေများကောင်စီ အတွင်းရေးမှူး ဥပဒေရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်တို့ စုံညီစွာတက်ရောက်ခဲ့ကြသည်။
 (သတင်းစဉ်)