(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်စာစီစာကုံး၊ကဗျာ၊ ကျဘမ်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

မုံရွာ၊ ဇန်နဝါရီလ ၃ ရက်

၃-၁-၂၀၂၄ ရက်နေ့ ၊ နေ့လည် (၁:၀၀) အချိန် ၊ မုံရွာမြို့ ၊ သလ္လာဝတီခန်းမ ၊ အ.ထ.က(၂) ၌ ကျင်းပပြုလုပ်သည့် ၀၂၄ ခုနှစ် ၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျဘမ်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)