အရအသုံးခန့်မှန်းခြေငွေစာရင်းများ စိစစ်ညှိနှိုင်းခြင်းဆိုင်ရာအစည်းအဝေးတက်ရောက်

မုံရွာ၊ ဇန်နဝါရီလ ၈ ရက်

၈-၁-၂၀၂၄ ရက်နေ့ ၊ နံနက် (၁၀:၀၀) အချိန် ၊ မုံရွာမြို့ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ၊ အရအသုံးခန့်မှန်းခြေငွေစာရင်းများ စိစစ်ညှိနှိုင်းခြင်းဆိုင်ရာအစည်းအဝေး သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ၊ တိုင်းဒေသကြီးဥပဒေအရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)