စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ၁/၂၀၂၄ ကြိမ်မြောက် အစည်းအဝေးတက်ရောက်

မုံရွာ၊ ဇန်နဝါရီလ ၃၁ ရက်

၃၁-၁-၂၀၂၄ ရက်နေ့ ၊ နံနက် (၉:၀၀) အချိန် ၊ မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး (DICA ခန်းမ)၌ ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ၁/၂၀၂၄ ကြိမ်မြောက် အစည်းအဝေး သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)