ကရင် အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား တက်ရောက်

ဘားအံ၊ ဇန်နဝါရီလ ၆ ရက်

၆.၁.၂၀၂၄ ရက်နေ့ နံနက် ၆:၀၀ အချိန် ဘားအံမြို့၊ သီရိကွင်းမုခ်ဦးဝတွင် ” သက္ကရာဇ် (၂၇၆၃)ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်၊ မြို့ပတ်တာဝေးအပြေးပြိုင်ပွဲ ” အခမ်းအနား သို့လည်းကောင်း၊ နံနက် ၇:၀၀ အချိန် ဘားအံဂေါက်ကလပ်မြက်ခင်းပြင်၌ ၂၇၆၃ ခုနှစ်၊ ကရင် အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား သို့ လည်းကောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ် ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်အဆင့်၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)