ဘားအံ၊ ဇန်နဝါရီလ ၈ ရက်

၈.၁.၂၀၂၄ ရက်နေ့ နံနက် ၈:၀၀ အချိန် ဘားအံမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင် တန်းကျောင်းတွင် ၂၀၂၃ ပညာသင်နှစ်၊ ” ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်း ” နှင့် ” လက်ရက်ကန်း(၆)လသင်တန်း (ဒုတိယအကြိမ်) သင်တန်းဆင်းပွဲ ” အခမ်းအနား သို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ် ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်အဆင့်၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
