၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားတက်ရောက်

ဘားအံ၊ ဇန်နဝါရီ ၁၆ ရက်

၁၆.၁.၂၀၂၄ ရက်နေ့ နံနက် ၉:၀၀ အချိန် ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကရင်ပြည်နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ” ပညာရေးစုံညီပွဲတော် ” အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်အဆင့်၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများနှင့် မိဘပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)