အဆင့်မြင့်လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဘားအံ၊ ဇန်နဝါရီလ ၁၈ ရက်

၁၈.၁.၂၀၂၄ ရက် နံနက် ၈:၀၀ အချိန် လှာကမြင်ကွက်သစ်၊ သပြေလမ်းနှင့် ချယ်ရီ(၄) လမ်းထိပ်၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ဘားအံ)၌ ကရင်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ကြီးမှူး၍ ပြည်နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ဘားအံ)တွင် ဖွင့်လှစ်သည့် ” အဆင့်မြင့်လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း ” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)