စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားတက်ရောက်

ဘားအံ၊ ဇန်နဝါရီလ ၁၈ ရက်

၁၈.၁.၂၀၂၄ ရက်နေ့ မွန်းလွဲ ၂:၀၀ အချိန် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြု လုပ်သည့် ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲအောင် သံဃာတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ် တို့အား ချီးမြှင့်ပူဇော်ရန် စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားသို့လည်းကောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်အဆင့်၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)