နွေစပါးကောက်စိုက်စက်ဖြင့် စိုက် ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် ယူရီးယားနှင့် သဘာဝမြေဩဇာ များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ဘားအံ၊ ဇန်နဝါရီလ ၁၉ ရက်

၁၉.၁.၂၀၂၄ ရက် ၈:၀၀ အချိန် ဘားအံမြို့နယ်၊ ရသေ့ပျံကျေးရွာ၌ ကရင်ပြည်နယ်စိုက်ပျိုး ရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ” နွေစပါးကောက်စိုက်စက်ဖြင့် စိုက် ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် ယူရီးယားနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်း အနား ” သို့  ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ် ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်အဆင့်၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်  ကောက်စိုက် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)