မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်း ကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၉ ရက်

မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀: ၀၀ နာရီတွင် Hybrid Format ဖြင့်   ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ဒေါက်တာထိန်လင်းဦး တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နေပြည်တော်ရှိ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ  အဖွဲ့ဝင်များက လူတိုင်တိုင်တက်ရောက်၍ လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များ၊ ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီတို့မှကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များသင်းချုပ်မှ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ကိုယ်စားလှယ်တို့က Online မှလည်းကောင်း တက်ရောက်ကြသည်။

အစည်းအဝေး၌ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ်များကို လုပ်ငန်းခွင်၌ ဆောလျင်စွာ အသုံးချပါက ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အရေးများ ဆုံးရှုံးနိုင်ပြီး တန်ဖိုးရှိသော လူငယ်လူရွယ်ဖြစ်မည်ကို အဟန့်အတားဖြစ်စေသည့်အပြင် ကလေး အလုပ်သမား အသုံးပြုခြင်းသည် နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များကို ဆုံးရှုံးစေသော အကြောင်းအရင်းတစ်ခုပင် ဖြစ်ပါကြောင်း၊ ၎င်းပြင် ကလေးသူငယ်များသည် စီးပွားရေးအရ အလုပ်အကိုင်များကို လုပ်ကိုင်နေရပြီး ထိုလုပ်ကိုင်မှုအပေါ် နည်းမျိုးစုံဖြင့် အမြတ်ထုတ် ခံရခြင်း၊ အချိန်မတိုင်မီ ကျောင်းထွက်ရခြင်း၊ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင် ရခြင်းတို့ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ထိုဖြစ်ရပ်များမှ ကာကွယ်စောင့်ရှောက်ရန်အတွက် ကလေး အလုပ်သမားဆိုင်ရာ အခြေခံအသိပညာနှင့် ဗဟုသုတများ ပြန့်ပွားစေရန် အသိပညာပေးခြင်း၊ နိုင်ငံတကာစံချိန်၊ စံညွှန်းများနှင့်အညီ  ဥပဒေများ ပြင်ဆင်ပြဌာန်းပေးရန် တင်ပြခြင်း၊ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဥပဒေရေးရာ လုပ်ငန်းကော်မတီက လုပ်ကိုင်ဆောင်ရွက် သွားကြရမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်း စီမံချက်ကို ကာလတို(၅)နှစ် လုပ်ငန်းစီမံချက် (၃) ကြိမ် ဖြင့် ကာလရှည် (၁၅) နှစ် လုပ်ငန်းစီမံချက်ဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ပထမ ငါးနှစ် လုပ်ငန်း စီမံချက် (၂၀၁၉-၂၀၂၃) ၏ နောက်ဆုံးနှစ်ကာလဖြစ်သည့်အတွက် ဒုတိယငါးနှစ် လုပ်ငန်း စီမံချက် (၂၀၂၄-၂၀၂၈) အား လုပ်ငန်းစီမံချက် ရေးဆွဲနိုင်ရေး ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း၊ အဆိုပါ ဒုတိယငါးနှစ်လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈) အား ရေးဆွဲရာတွင် (၂၀၁၉-၂၀၂၃) တွင် ပါရှိသည့်အချက်များကို အခြေခံ၍ ဆောင်ရွက်သင့်ပြီး အဆိုပါ လုပ်ငန်းစီမံချက်တွင် မပြီးပြတ် သေးသည့်ကိစ္စများကို  ဒုတိယ ငါးနှစ်လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈)တွင် ပြန်လည်ထည့်သွင်း၍ ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊  ယခုအခါ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် ပထမငါးနှစ် လုပ်ငန်းမံချက် (၂၀၁၉-၂၀၂၃) ၏ နောက်ဆုံးနှစ် ကာလ ဖြစ်သည့်အတွက် ဒုတိယ ငါးနှစ်လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈) အား လုပ်ငန်းစီမံချက် ရေးဆွဲ နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဒုတိယငါးနှစ်လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈) အား ရေးဆွဲရာတွင် (၂၀၁၉-၂၀၂၃) တွင် ပါရှိသည့်အချက်များကို အခြေခံ၍ ဆောင်ရွက် သင့်ပြီး အဆိုပါ လုပ်ငန်းစီမံချက်တွင် မပြီးပြတ်သေးသည့်ကိစ္စများကို  ဒုတိယငါးနှစ် လုပ်ငန်း စီမံချက် (၂၀၂၄-၂၀၂၈) တွင် ပြန်လည် ထည့်သွင်း၍ ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့်ခံယူပြီး တက်ရောက်လာကြသူများမှ တက်ညီ လက်ညီ ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း  တိုက်တွန်းပြောကြားသည်။

ထို့နောက် ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ ပဥ္စမအကြိမ် လုပ်ငန်းကော်မတီ အစည်းအဝေး မှတ်တမ်းကို အတည်ပြုခြင်း၊ ဥပဒေရေးရာလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ကျော်နိုင်က ပဥ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက် နိုင်မှုများနှင့်  မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဒုတိယငါးနှစ် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈) အား  ရေးဆွဲထားရှိမှုတို့အား  ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများနှင့် အကြံပြုချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီးဥပဒေရေးရာလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူးက ဆဋ္ဌမ အကြိမ် လုပ်ငန်းကော်မတီ အစည်း အဝေးတွင် ဆုံးဖြတ်ရန် အချက်(၅)ချက်ကို ရှင်းလင်းတင်ပြကာ  အတည်ပြုချက်ရယူသည်။

ထို့နောက် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့် ဒုတိယရှေ့နေချုပ်၊ ဒေါက်တာ ထိန်လင်းဦးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

    (သတင်းစဉ်)