ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်) များ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် ၁/၂၀၂၄ သရုပ်ပြတရားခွင်(MOCK TRIAL)ပြုလုပ်ကျင်းပ

နေပြည်တော် မတ် ၁၁

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏လမ်းညွှန်ချက်အရ ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်) များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၄ မှ သင်တန်းသား(၆၀)ဦးကို တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနနှင့် ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာနတို့မှပူးပေါင်းပြီး တရားခွင်လက်တွေ့သရုပ်ပြသခြင်း(MOCK TRIAL)အား ယနေ့နံနက်ပိုင်း ၉း၃၀နာရီအချိန်တွင် ဥပဒေရေးရာဝန်ကြီးဌာန၊မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

သရုပ်ပြတရားခွင်ကို ဥပဒေရေးရာဝန်ကြီးဌာနမှ အတွေ့အကြုံရင့်ကျက်ပြီးဖြစ်သည့် အဆင့်မြင့် ဥပဒေအရာရှိကြီးများက ပြစ်မှုတစ်ရပ်ကျူးလွန်ခြင်းမှစ၍ တရားခွင်တွင် အမှုစစ်ဆေး ခြင်းအဆင့်ဆင့်ကို သရုပ်ပြသပြီး သင်တန်းသားများအား လက်တွေ့သင်ကြားပို့ချခဲ့ခြင်းဖြစ် သည်။သင်တန်းသားများကိုယ်တိုင် လေ့ကျင့်ဆောင်ရွက်သော သရုပ်ပြတရားခွင် (MOCK TRIAL) လေ့ကျင့်ပြိုင်ပွဲများလည်း ဆက်လက်ပြုလုပ်သွားရန်ရှိကြောင်းလည်း သိရသည်။

သရုပ်ပြတရားခွင်ပြုလုပ်ကျင်းပခြင်းသို့ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ လေ့ကျင့်သင်ကြားရေး ဌာနခွဲမှ တာဝန်ရှိသူများ၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ သင်တန်းဆရာ၊ ဆရာမများ၊  သရုပ်ပြတရားခွင်တွင် ပါဝင်သရုပ်ဆောင်ကြသည့် အရာထမ်း/အမှုထမ်းများနှင့် သင်တန်းသား/သင်တန်းသူ (၆၀) ဦး တက်ရောက်ကြကြောင်းသိရသည်။

သတင်းစဉ်