၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများသတ်မှတ်ကာလ ပြီးစီးရေးညှိနှိုင်း အစည်းအဝေး

မုံရွာ၊ ဖေဖော်ဝါရီ ၂ ရက်

၂-၂-၂၀၂၄ ရက်နေ့ ၊ နေ့လည် (၁:၀၀) အချိန် ၊ မုံရွာမြို့ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများသတ်မှတ်ကာလ ပြီးစီးရေးညှိနှိုင်း အစည်းအဝေး သို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ၊ တိုင်းဒေသကြီးဥပဒေအရာရှိနှင့် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)