ဥပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားတက်ရောက်

မုံရွာ၊ ဖေ‌ဖော်ဝါရီလ ၂၄ ရက်

၂၄-၂-၂၀၂၄ ရက်နေ့ နံနက် (၈:၀၀) အချိန် ၊ မုံရွာမြို့ ၊ ရွှေစည်းခုံသာသနာ့ဗိမာန်တော်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဥပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)