ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲတက်ရောက်

မြစ်ကြီးနား၊ ဖေဖော်ဝါရီလ ၁၀ ရက်

၁၀.၂.၂၀၂၄ ရက်နေ့ နံနက်၉:၀၀ အချိန် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကျင်းပခဲ့သည့် နန့်ပေါင်လေယာဉ်ကွင်းရှောင်လမ်း(ဒုတိယပိုင်း)၊ ရွှေဘို-မြစ်ကြီးနားလမ်း အဆင့်မြင့် (AC) ကတ္တရာကွန်ကရစ်လမ်း နှင့် အားဆာ-နန်းကွေ့ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲတို့အား ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။

(သတင်းစဉ်)