အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဥပဒေအသိပညာပေး ဟောပြောဆွေးနွေး

ဗန်းမော်၊ ဖေဖော်ဝါရီလ ၁၅ ရက်

၁၅-၂-၂၀၂၄ ရက်နေ့ နံနက် ၀၉:၀၀ အချိန်တွင် ဗန်းမော်မြို့နယ်နည်းပညာတက္ကသိုလ်ရှိ ဆရာ/ဆရာမ များ၊ ကျောင်းသား/သူများ စုစုပေါင်းအင်အား (၂၀၈)ဦးအားလည်းကောင်း၊ ယင်းနေ့ နေ့လည် ၁:၀၀ အချိန်တွင် ဗန်းမော်မြို့နယ် ကွန်ပျူတာတက္ကသိုလ်ရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း အင်အား (၂၉၆)ဦးအားလည်းကောင်း ကချင်ပြည်နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဥပဒေအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)