အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားဆွေးနွေး

ဗန်းမော်၊ ဖေဖော်ဝါရီ ၁၆ ရက်

၁၆-၂-၂၀၂၄ ရက်နေ့ ၀၉း၀၀အချိန် ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားတွင် ကချင်ပြည် နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၁၅၀)ဦးအား အဂတိ လိုက်စား မှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)