အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားတက်ရောက်

မြစ်ကြီးနား၊ ဖေဖော်ဝါရီလ ၂၃ ရက်

၂၃-၂-၂၀၂၄ ရက်နေ့ ၁:၀၀အချိန် မြစ်ကြီးနားမြို့၊ နည်းပညာတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားတွင် ကချင်ပြည် နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၄၀၀)ဦးခန့်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများနှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။

(သတင်းစဉ်)