တတိယအကြိမ်မြောက် စာအောင် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

မြစ်ကြီးနား၊ ဖေဖော်ဝါရီလ ၂၇ ရက်

၂၇.၂.၂၀၂၄ ရက်နေ့ နံနက် ၉:၀၀အချိန် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (တတိယ) အကြိမ်မြောက် စာအောင် ဆုနှင်းသဘင်အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်၍ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)