ဥပဒေရေးရာအင်္ဂလိပ်စာနှင့် အပြည်ပြည်ဆိုင်ရာဥပဒေသင်တန်း ဖွင့်လှစ်

ထားဝယ်၊ မတ်လ ၂၀ ရက်

၂၀.၃.၂၀၂၄ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန် တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသားများ အနေဖြင့် အခြားပြည်နယ်နှင့် တိုင်းတို့တွင် သင်တန်းဖွင့်လှစ်ခြင်းမရှိသော ဤသင်တန်းကို တက် ရောက်ခွင့်ရသည်မှာ အင်မတန်ဂုဏ်ယူစရာဖြစ်ကြောင်း၊ သင်တန်းတွင် ဥပဒေရေးရာအင်္ဂလိပ်စာနှင့် အပြည်ပြည်ဆိုင်ရာဥပဒေ International Law ကို ပညာရှင်တစ်ဦးဖြစ်တဲ့ တိုင်းဒေသကြီးဥပဒေအရာရှိ က ၎င်း၏အတွေ့အကြုံနှင့် ပေါင်းစပ်ပြီး သင်ကြားပို့ချမှာဖြစ်ကြောင်း၊ သင်တန်းတွင် ပို့ချချက်များမှာ အခြေခံသာဖြစ်တဲ့အတွက် မိမိတို့အနေဖြင့် ဆက်လက်လေ့လာသင်ယူသွားရန်ဖြစ်ကြောင်း၊ သင်တန်း မှာ ရရှိတဲ့အတွေ့အကြုံဗဟုသုတများဖြင့် မိမိတို့လုပ်ငန်းခွင်တွင် တန်ဖိုးရှိစွာ အသုံးချတတ်ကြရန် လိုအပ်ကြောင်း၊ သင်တန်းက ပို့ချတဲ့သင်ခန်းစာများကို ဂရုတစိုက်မှတ်သားလိုက်နာ ဆောင်ရွက်သွား ကြရန်ပြောကြားကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)