ဥပဒေစာအုပ်များ ပေးအပ်လှူဒါန်းပွဲတက်ရောက်

ပဲခူး၊ မတ်လ ၁၂ ရက်

၁၂−၃−၂၀၂၄ ရက်နေ့ ၁၅:၀၀ အချိန် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ပဲခူးတက္ကသိုလ် ဥပဒေပညာဌာနသို့ ဥပဒေစာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ပဲခူးတက္ကသိုလ်၊ စန္ဒကူးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်၊ ဥပဒေအရာရှိများ၊ အဆိုပါတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်၊ ဥပဒေပညာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာမြင့်ဆွေနှင့် ကျောင်းသူ ကျောင်းသားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)