လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရာက်

မုံရွာ၊ မတ်လ ၁၄ ရက်

၁၄-၃-၂၀၂၄ ရက်နေ့ နေ့လယ်(၁:၀၀) အချိန်  ၊ မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး ၊ အစည်းအဝေးခန်း(၁)၌ ကျင်းပပြုလုပ်သည့် ၁၃၈၅ ခုနှစ် (၂၀၂၄ ခုနှစ်) စစ်ကိုင်းတိုင်းဒေသကြီးမြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်(ဗဟို) ကို မုံရွာမြို့ ၊ ကန်သာယာပတ်လည်တွင် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ၊ တိုင်းဒေသကြီးဥပဒေအရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)