အခြေခံစားသောက်ကုန်များ လှူဒါန်းထောက်ပံ့ပွဲ အခမ်းအနားတက်ရောက်

ကချင်၊ မတ်လ ၂၆ ရက်

၂၆-၃-၂၀၂၄ ရက်နေ့ နေ့လည် ၁:၀၀ အချိန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်များ လှူဒါန်းထောက်ပံ့ပွဲ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ပြီး ပြည်နယ်ဥပဒေချုပ်ရုံးမှ လူ ၂၀၀၀စာ ရိက္ခာ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)