ဆွမ်းဆန်စိမ်းလောင်းလှူပွဲတက်ရောက်

ပဲခူး၊ ဧပြီ ၂၃ ရက်

၂၃−၄−၂၀၂၄ ရက်နေ့ ၁၄:၀၀ အချိန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ကျင်းပပြုလုပ်သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ အရာထမ်း၊ အမှုထမ်းများက ပါဝင်တက်ရောက်လှူဒါန်းခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအဆင့်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တကွ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

 (သတင်းစဉ်)