မုံရွာ၊ မေလ ၂၂ ရက်

၂၂-၅-၂၀၂၄ ရက်နေ့ ၊ ညနေ (၄:၃၀) အချိန် မုံရွာမြို့ ၊ ကန်သာယာအရှေ့ဘက်ခြမ်း ၊ ရာပြည့်ကပ်ကျော်ဘုရားတွင် ကျင်းပပြုလုပ်သည့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနား သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်ဇနီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ၊ တိုင်းဒေသကြီးဥပဒေအရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
