အလယ်အလတ်အဆင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၁)  သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၁၉

သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိ သည့် အလယ်အလတ်အဆင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်း အမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိ ပညာပြန့်ပွားရေးသင်တန်းကျောင်း(ပထမထပ်) သင်တန်းခန်းမ (MOLA Lecture Hall) ၌ ကျင်းပ သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုသင်တန်းသည် ၂၉-၄-၂၀၂၄ ရက်နေ့တွင် နိုင်ငံ‌တော်အကြီးအကဲက ဖွင့်လှစ်ပေးခဲ့သည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်းတွင်ဖွင့်လှစ်သည့် ပထမဦးဆုံး သင်တန်းဖြစ်ပါကြောင်း၊

ယခင်က အလယ်အလတ်အဆင့်နိုင်ငံ့ဝန်ထမ်းများအတွက် သင်တန်းကို ဥပဒေရေးဆွဲ ခြင်း၊ စီးပွားရေးစာချုပ်စာတမ်းများစိစစ်ခြင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေ များ လက်တွေ့အသုံးချမှု၊ တရားမဆိုင်ရာကိစ္စများ၊  အထွေထွေဥပဒေအကြံပေးရေးဆိုင်ရာ ကိစ္စ များကို ဘာသာရပ်တစ်ခုချင်းစီအလိုက် သင်တန်းပို့ချပေးနေရာမှ ယခုအခါ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်  လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိအဆင့် သင်တန်းသား(၆၀)ဦးကို ဘာသာရပ်များ အားလုံး စုပေါင်းပြီး သင်တန်း (၁) ချိန်လျှင် (၅၀)မိနစ်၊ သင်ကြားချိန် (၆၉)ချိန်၊ (၂၄)ရက် သင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ယခု သင်တန်းမှ ဥပဒေအသိပညာများစွာရရှိပြီး အကျိုးရှိမည်ဖြစ်ပါ ကြောင်း၊

ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့်(Providing Legal  Service For Justice) တရားမျှတမှုူ အတွက်ဥပဒေဝန်ဆောင်မှုဆိုသည့် မဟာဗျူဟာဖြင့်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေ ဝန်ဆောင်မှုဆိုသည်မှာ သက်ဆိုင်ရာဌာနမှရေးဆွဲပေးပို့လာသည့် ဥပဒေမူကြမ်းများကို စိစစ် ခြင်း၊ နိုင်ငံတစ်ဝှမ်းရှိ ပြစ်မှု၊ တရားမမှုများကို အစိုးရကိုယ်စားလိုက်ပါဆောင်ရွက်ပေးခြင်း၊ ဥပ‌ဒေ အကြံဉာဏ်ပေးခြင်း၊ ဥပဒေအသိပညာပြန့်ပွားရေးဆောင်ရွက်ခြင်းတို့ ဖြစ်ပါကြောင်း၊

ဥပဒေအသိပညာပြန့်ပွားရေးဆိုသည်မှာ မိမိတို့မှ ဥပဒေစာအုပ်အမျိုးမျိုးထုတ်ဝေခြင်း၊ Myanmar Law Information System ဖြင့်ဥပဒေသတင်းအချက်အလက်ဖြန့်ဝေခြင်း၊ ဥပဒေ သင်တန်းပေးခြင်းတို့ဖြစ်ကြောင်း၊ ဥပဒေသင်တန်းပေးခြင်းတွင် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် အဆင့်ရာထူးများ၊ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိ ပညာပြန့်ပွားရေး သင်တန်း၊ အလယ်အလတ်အဆင့်အရာထမ်းများ အတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း၊ မိမိတို့ဌာနအတွင်းရှိ ဥပဒေအရာရှိများအတွက် အထူးသင်တန်း၊ မွမ်းမံ သင်တန်းများဖွင့်လှစ်ပြီး ဥပဒေရေးရာဝန်ကြီးဌာနမှ အတွေ့အကြုံရင့်ကျက်သည့် ဆရာ၊ ဆရာမများမှ သင်ကြားပေးမည်ဖြစ်ကြောင်း၊

ယခုသင်တန်းကို တက်ရောက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဌာန၏ ဘတ်ဂျက်ဖြင့်သင်တန်းများဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဥပဒေအသိပညာပြန့်ပွား စေလိုသည့် မိမိတို့၏စေတနာ၊ လူတိုင်းဥပဒေဗဟုသုတရှိသင့်ကြောင်း နိုင်ငံတော်အကြီးအကဲ၏ မူဝါဒများကြောင့် ကြိုးစားပမ်းစားဖြင့် သင်ယူစေလိုကြောင်း၊ မိမိတို့၏အတွေ့အကြုံများကိုလည်း သင်တန်းတွင်မျှဝေပေးစေလိုကြောင်း၊ သင်တန်းဝင်ဆန်းစစ်ချက်၊ သင်တန်းဆင်းဆန်းစစ်ချက်၊ Case Study များပြုလုပ်မည်ဖြစ်ကြောင်း၊

နိဂုံးချုပ်အနေဖြင့် သင်တန်းသားများအနေဖြင့်သင်တန်းမှ ရရှိသောဗဟုသုတများကိုမိမိ အတွက်သော်လည်းကောင်း၊ မိမိဌာနအတွက်သော်လည်းကောင်း၊ နိုင်ငံတော်အတွက်သော် လည်းကောင်း အကျိုးပြုနိုင်ပါစေကြောင်း ပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊  ဥပဒေရေးရာ ဝန်ကြီးဌာနမှဌာနအကြီးအကဲများ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းဆရာများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး သင်တန်းကျောင်းရှိ e-library တွင် သင်တန်းသားများက အသုံးပြုဆောင်ရွက်နေသည်ကို ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်