ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်သော ဥပဒေ ရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား လက်မှတ် ရေးထိုးထား သော ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာ(Memorandum of Cooperation)ကို အကောင် အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်၍ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ စာချွန်လွှာ အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခြင်း

နေပြည်တော်၊ ဇူလိုင်လ ၂ ရက်


ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ် H.E. Mr. IGOR KRASNOV ၏ ဖိတ်ကြားချက်အရ မော်စကိုမြို့သို့ သွားရောက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ် H.E. Mr. IGOR KRASNOV တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံ‌ဆွေးနွေးပွဲတွင် ဥပဒေရေးရာဝန်ကြီးဌာနနှင့်ရုရှား ဖက်ဒရေးရှင်း နိုင်ငံရှေ့နေချုပ်ရုံး တို့အကြား ဥပဒေရေးရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက် နိုင်မည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံဥပဒေစနစ်နှင့် ဥပဒေဆိုင်ရာသတင်းအချက်အလက်နှင့် အတွေ့ အကြုံများအပြန်အလှန်ဖလှယ်ခြင်း၊ ပူးတွဲဆွေးနွေးညှိနှိုင်းခြင်းများ၊ ညီလာခံများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ဥပဒေပညာရပ် အတွေ့အကြုံ များ မျှဝေခြင်းနှင့်လေ့လာသင်ယူခြင်း တို့အတွက် နှစ်နိုင်ငံ ဥပဒေဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ အပြန်အလှန်စေလွှတ်ခြင်းနှင့် ဥပဒေ ရေးရာဝန်ကြီးဌာနမှမျိုးဆက်သစ် ဥပဒေအရာရှိများအား ရုရှားဖက်ဒရေးရှင်း နိုင်ငံ ရှေ့နေချုပ်ရုံး လက်အောက်ရှိတက္ကသိုလ်များသို့ ဥပဒေပညာရပ်များဆည်းပူးလေ့လာနိုင်ရန် ပညာတော်သင် စေလွှတ်ခြင်း ဆိုင်ရာကိစ္စရပ်များ စသည့်ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်းပူးပေါင်းဆောင် ရွက်မည့်အစီအစဉ် ကိစ္စရပ် များကို ခင်မင်ရင်းနှီးစွာ ဖြင့်နှစ်ဖက်အမြင်ချင်း ဖလှယ်ဆွေး နွေးကြ သည်။
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့ အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာအရ အကောင်အထည်ဖော် ဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစီအစဉ် (၂၀၂၄-၂၀၂၅)အား စတင်အကောင်အထည် ဖော်ဆောင်ရွက်သည့် အနေဖြင့် နှစ်နိုင်ငံဥပဒေရေးရာ စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်အား ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့၏ ဖွဲ့စည်းပုံ၊ ရည်ရွယ် ချက်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ (Structure, Objectives and Organization Activities of the Ministry of Legal Affairs of the Republic of the Union of Myanmar and the Prosecutor General’s Office of the Russian Federation) ခေါင်းစဉ်ဖြင့် ကျင်းပရာ မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနသည် မဟာဗျူဟာစီမံချက်များကို ချမှတ် အကောင်အထည်ဖော်လျက်ရှိရာ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ် အထိ တရားဥပဒေ စိုးမိုးရေးဆီသို့ ခေါင်းစဉ်ဖြင့် ရည်မှန်းချက် ၄ ရပ်ကို ချမှတ် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှုများပေးခြင်း ခေါင်းစဉ်ဖြင့် ရည်မှန်းချက် ၅ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မဟာမိတ်နိုင်ငံများနှင့် ရေရှည်တည်တံ့သော ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်ရေး သည် ဥပဒေရေးရာ ဝန်ကြီးဌာန၏ ရည်မှန်းချက်များအနက်မှ တစ်ခုအပါ အဝင် ဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ စာချွန်လွှာအရ ဥပဒေရေးရာစနစ်များ၊ ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံနှင့် သတင်းအချက်အလက် ဖလှယ်ခြင်းတို့တွင် အမြင်ချင်းဖလှယ် ဆောင်ရွက်နိုင်ရန် ဆွေးနွေးပွဲ များ၊ အလုပ်ရုံ ဆွေးနွေးပွဲများနှင့် မျက်နှာစုံညီဆွေးနွေးပွဲများ၊ ကျွမ်းကျင်သူများ အပြန်အလှန် ဖလှယ်မှုများဖြင့် နှစ်နိုင်ငံ အဖွဲ့အစည်းနှစ်ရပ်အကြား ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံး၏ကိုယ်စားလှယ်များက ရုရှားဖက် ဒရေးနိုင်ငံ ရှေ့နေချုပ်ရုံး၏ အမှုလိုက်ပါဆောင်ရွက်သည့် လုပ်ငန်းစဉ်များ၊ ရုရှားဖက်ဒရေး နိုင်ငံရှေ့နေချုပ်ရုံး၏ အမှုအား ကနဦး စုံစမ်းစစ်ဆေးခြင်း၊ ရှာဖွေ ခြင်းနှင့် အမှုတည်ဆောက်ခြင်း လုပ်ငန်းစဉ်များအားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များ၊ တရားရုံးတွင်အမှုလိုက်ပါ ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ၊ ဖက်ဒရယ်ဥပဒေများအား လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ ကြီးကြပ်ရေးဆိုင်ရာဌာန ၏လုပ်ငန်းစဉ်များ စသည့်ခေါင်းစဉ်များဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး နှစ် နိုင်ငံ ဥပဒေရေးရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနတို့အကြား ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာ(Memorandum of Cooperation)ကို (၁၂-၅-၂၀၂၃)ရက်စွဲတွင် လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာ(Memorandum of Cooperation)ကို (၂၂-၃-၂၀၂၃)ရက်စွဲတွင် လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီး ဥပဒေရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)