မူယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်ရေးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ  တက်‌ရောက်

တောင်ကြီး၊ ဇွန်လ ၁၇ ရက်

၁၇-၆-၂၀၂၄ ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် တောင်ကြီးမြို့၊ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းတွင်ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် မူယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်ရေးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲသို့ တောင်ကြီးခရိုင်ဥပဒေအရာရှိ ဒေါ်နန္ဒာနှင်းမှ တက်ရောက်ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)