မုံရွာ၊ ဇွန်လ ၂၄ ရက်

၂၄-၆-၂၀၂၄ ရက်နေ့ ၊ နံနက်(၁၀)နာရီအချိန်၊ မုံရွာမြို့ ၊ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ၊ Community Center ခန်းမ၌ ကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့် စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
