မုံရွာ၊ ဇူလိုင်လ ၁ ရက်

၁-၇-၂၀၂၄ ရက်နေ့ ၊ နံနက် (၉:၀၀) အချိန် ၊ မုံရွာခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
