မြန်မာအမျိုးသမီး များနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

မုံရွာ၊ ဇူလိုင် ၃ ရက်

၃-၇-၂၀၂၄ ရက်နေ့ နံနက် (၇)နာရီအချိန် ၊ မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ(၁) ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ (၃)ရက် မြန်မာအမျိုးသမီး များနေ့ အထိမ်းအမှတ်အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာ အဖွဲ့နာယကနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)