မုံရွာ၊ ဇူလိုင်လ ၇ ရက်

၇-၇-၂၀၂၄ ရက်နေ့ ၊ နံနက် (၉:၃၀)နာရီအချိန် ၊ မုံရွာမြို့ ၊ ရွှေစည်းခုံသာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်သည့် ၄၂ ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ အရာထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
