အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏ အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

မုံရွာ၊ ဇူလိုင်လ ၂၂ ရက်

၂၂-၇-၂၀၂၄ ရက်နေ့ ၊ နံနက်ပိုင်းအချိန် ၊ မုံရွာမြို့ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ ချင်းတွင်းခန်းမ(၁)၌  ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ၊ စစ်ကိုင်းတိုင်း ဒေသကြီး အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏ အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီး ဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ၊ တိုင်းဒေသကြီးဥပဒေအရာရှိ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)