မြိတ်၊ ဩဂုတ် ၂၆ ရက်

၂၆.၈.၂၀၂၄ ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန် တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး နှင့် မြိတ်တက္ကသိုလ်တို့ ပူးပေါင်း၍ ဥပဒေအသိပညာပေးဟောပြောပွဲကို မြိတ်မြို့၊ မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်း၊ မြိတ်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဦးညွန့်လွင်၊ မြိတ်တက္ကသိုလ်ရှိ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် သူနာပြုတက္ကသိုလ်မှ ကျောင်းသူများ စုစုပေါင်း အင်အား (၆၀၀) ဦးခန့် တက်ရောက်ခဲ့ကြ ပါသည်။
(သတင်းစဉ်)
