ပြေးခုန်ပစ် အသင်းအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားတက်ရောက်

မုံရွာ၊ ဩဂုတ်လ ၃၀ ရက်

၃၀-၈-၂၀၂၄ ရက်နေ့နံနက်ပိုင်း ၊ မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ ချင်းတွင်းခန်းမ၌  ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုနှင့် အမျိုးသား/အမျိုးသမီး စုပေါင်းတံခွန်စိုက်ဆုရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးပြေးခုန်ပစ် အသင်းအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနား သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)