မကွေး၊ ဩဂုတ် ၅ ရက်

၅-၈-၂၀၂၄ ရက်နေ့ ညနေပိုင်းက မကွေးမြို့၊ ခရိုင်အားကစားကွင်း၌ ကျင်းပသည့် ကျင်းပ သည့် ၁၂ ကြိမ်မြောက် မကွေးဆေးတက္ကသိုလ် ပါမောက္ခချုပ်ဖလား အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ဥပဒေချုပ် ဦးတင့်ဝေ၊ မကွေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
